Website ပေါ်မှာ မြန်မာ ယူနစ်ကုတ် ထည့်သွင်း


(၁) မြန်မာစာ ပြဿနာ
ကွန်ပြူတာသုံးရင်တောင် သုံးနေတဲ့ Internet Browser ပေါ်မှာ မူတည်ပြီး၊ မြန်မာစာ ယူနီနစ် ပေါ်တာ မှန်တာခြင်းတောင် မတူပါဘူး။ မြန်မာစာ ဖတ်ချင်တဲ့ သူတွေအတွက်က တော်တော်ကို စိတ်ညစ်ရပါတယ်။ ကွန်ပြူတာထဲ မြန်မာစာ သွင်းရတာလည်း အရမ်း အလုပ်ရှုတ်ပါတယ်။ မြန်မာ ယူနီကုတ်စနစ်ကို သုံးရင် ကွန်ပြူတာတွေမှာ အလိုလို ပါတဲ့ ယူဆထားပေးမဲ့ မမှန်ပါဘူး။ သုံးတဲ့ font တွေပေါ် မူတည်ပြီးတော့လည်း မှန်လိုက်၊ မှားလိုက်ပါပဲ။ နောင်ဆိုရင် အကုန်အဆင်ပြေမယ်လို့တော့ မှန်းရတာပဲပေါ့။ ခုဒီ Blog မှာ ပထမဆုံး ပြည်ထောင်စုဆိုတဲ့ font ဆိုတာကို သုံးပါတယ်။ ကျွန်တော် android phone မှာ အဆင်ပြေတယ်။ firefox နှင့် chrome မှာလည်း အဆင်ပြေတယ်။ ဒါပေမဲ့ safari မှာ အဆင်မပြေဘူး။

(၂) ကိုစေတန်ရဲ့ Blog
ကျွန်တော် သတိထားမိတဲ့ blog တစ်ခုက ကိုစေတန်ရဲ့ blog ပါ။ သူက နည်းပညာအကြောင်းတွေ ရေးလေ့ ရှိတယ်။ သူ့ blog ကို ဝင်ကြည့်တော့ သူက Mon3 ဆိုတဲ့ font ကို ယူသုံးထားတာ တွေ့ရတယ်။ ပြီးတော့ ပိုအဆင်ပြေသွားတာက သူက ဒီ font ကို mmwebfonts website တစ်ခု ဖန်တီးပေးထားတာပါ။ သူ့ website ကို ယူသုံးလိုက်တော့ ကိုယ်တိုင် font ကို hosting လုပ်ထားစရာ မလိုတာပါပဲ။ သာဓုပါ။ ဒါနဲ့ သူ့ နည်းလမ်းကို သုံးပြီး ကျွန်တော် blog ကိုပါ ပြင်ထားပါတယ်။

(၃) ဘယ်လို လုပ်ရသလဲ။
http://mmuniembed.blogspot.sg/ ကို ဝင်ကြည့်ရင် အဆင့်လိုက် ပုံနဲ့ ပြထားပါတယ်။ အရေးကြီးတာကတော့ header ရဲ့ အောက်မှာ font link tag ကို ထည့်ပေးဖို့ပါပဲ။ ပြီးရင် သုံးဖို့ အတွက်ကတော့ CSS ထဲက Font Family attribute မှာ MON3 Anonta 1 ကို ထည့်ပေးရုံပါပဲ။

HTML Header
<link rel="stylesheet" href='http://mmwebfonts.comquas.com/fonts/?font=mon3' /> 

Stylesheet (CSS)
font-family:'MON3 Anonta 1';