(၁) အချိန်ရှားပါးလာတယ်
ဒီတလော အရမ်း အလုပ်များနေတာ အခုထိပဲ။ အရင် လ က သမီး Chloe လေး မွေးပြီး နောက်ပိုင်း ကလေးထိမ်းနေတာနှင့် အိမ်မှာ ဘာ အလုပ်မှ လုပ်လို့ မရ။ ပထမဆုံး ကလေးဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိဆိုတော့ ပိုဆိုး။ အဲဒါ နောက်မှ တခြား သပ်သပ် ထပ်ရေးအုံးမယ်။
အားတဲ့ အချိန် လုပြီး Blog ရေးမယ် ဆိုပြီး စဥ်းစားကြည့်တော့ (၁) ကလေးအိပ်ချိန်နှင့် (၂) အလုပ်တက် အလုပ်ဆင်း ကားပေါ်က အချိန်ပဲ ရှိတယ်။ ကွန်ပျူတာဖွင့်၊ ပိတ်က အဆင်ပြေမှာ မဟုတ်တော့ ဖုန်းကိုပဲ အားကိုးရမှပေါ့။
(၂) Native Android ပေါ်မှာ မြန်မာစာရိုက်
Unicode နဲ့ ရေးဖို့ လုပ်တော့ စာရိုက်လို့ ရမဲ့ keyboard လိုလာပီပေါ့။ ဖုန်း Nexus 6p က မြန်မာစာ နှင့် ရေးဖို့ အရင်ဆုံး Setting > Language မှာ မြန်မာစာ အရင်ပြောင်းယူရပါမယ်။ မကြိုက်တာက ကျန်တဲ့ Setting ဟာ ဗမာလိုတွေပါတာပါပဲ။
(၃) တခြား မြန်မာ Keyboard များ
Google Play Store မှာ Myanmar Keyboard လို့ ရှာလိုက်ရင် ၁၀ ထက် မနဲ ရှိပါတယ်။ တချို့ keyboard တွေက ဇော်ဂျီ သီးသန့်၊ အချို့က unicode ကိုပါ သုံးနိုင်အောင် လုပ်ပေးထားတယ်။
အရင်က ပုဂံ keyboard ကို သုံးဖူးတယ်၊ မဆိုးပါဘူး။ သူက လောလောဆယ် download အများဆုံး။ နောက် frozen ကိုလည်း သုံး ကြည့်ဘူးတယ်။ သူလည်း ကောင်းတာပါပဲ။ ခုဒီ Post ကိုတော့ ttKeyboard စမ်းကြည့်နေတယ်။ သူလည်း သုံးလို့ အဆင်ပြေနေတာပဲ။
(၄) စာအမြန်ရေးဖို့ Google Handwriting keyboard
မြန်မာ Keyboard တွေ အကုန် သူ့နည်း သူ့ဟန်နဲ့တော့ အဆင်ပြေနေတာပါပဲ၊၊ ဒါပေမဲ့ ဘာပိုပြီး ထူးခြားသွားတာတော့ မရှိဘူးလို့ ခံစားရတယ်။ နောက်ပြီး စာရိုက်ရတာ အလေ့မရှိတော့ စာလုံးလိုက်ရှာရတာ အချိန်ကုန်တယ်။
Google Handwriting keyboard က ဒီနေရာမှာ အရမ်းအဆင်ပြေသွားတယ်။ စာလုံးရှာနေဖို့ မလိုတော့ဘူး။ ချက်ချင်း ကောက်ရေးရုံပဲ။ လွယ်တယ်။ မြန်တယ်။ တစ်ခုပဲ အဆင်မပြေတာရှိတယ်။ စာလုံးပေါင်း မှားသွားရင် ပြန်ဖျက်ရတာတော့ မမိုက်သေးဘူး။ အင်္ဂလိပ်စာမှာ တစ်လုံးဖျက်တာ ပြဿနာ မဟုတ်ပေမဲ့၊ မြန်မာစာမှာ စာတစ်လုံးဖြစ်ဖို့ ရရစ်တွေ၊ ရေးချာတွေ၊ အောက်ကမြင့် ပြန်ပေါင်းယူရတာ။ ဘာပဲဖြစ်ဖြစ် လောလောဆယ် ဒီ Google Handwriting keyboard က အဆင်အပြေဆုံး ဆိုတာတော့ အမှန်ပဲ။