(၁) အင်တာနက်တွင် ကြော်ငြာထည့်ခြင်း
အင်တာနက်ကို လူသုံးများလာတာနှင့်အမျှ အင်တာနက်ပေါ်မှာ ကြော်ငြာထည့်လာကြတာ ပိုများလာတာ မဆန်းပြားတော့ပါ။ ရေဒီယို၊ တီဗွီတွေမှာ ကြော်ငြာထည့်ရင် လုပ်ရတဲ့ ပြင်ဆင်မှုတွေနှင့် အရင်းအနှီးတွေက မနည်းဘူးလေ။ အင်တာနက်မှာက ထိုင်ရာကမထဘဲ အကုန်ပြီးအောင်လုပ်လို့ ရတာလည်း ပါတာပေါ့။ ကွန်ပြူတာ တစ်လုံးနှုင့် ကျွမ်းကျင်မှုတွေသာ ရှိရင် အလုပ်ဖြစ်နေပြီပဲ၊၊ အကုန်အကျ နည်းပြီး၊ ပိုမိုထိရောက်နိုင်တာပေါ့။ အင်တာနက်မှာ လူသုံးများလာတာလည်း ပါတာပေါ့။
(၂) ဘယ်မှာ ကြော်ငြာ ထည့်မလဲ။
ကိုယ့်ကြော်ငြာကို လူများများ မြင်မှ ပိုက်ဆံ သုံးရကြိုး နပ်တာပေါ့။ အခု ခေတ်မှာ လူသုံးများတာတွေက Facebook၊ Google တွေလိုမျိုး။ လူများများ သုံးလေ ပိုပြီး ကောင်းလေပဲ။ ခါတိုင်း ကြော်ငြာထည့်ချင်ရင် သုံးလေ့ရှိတာကတော့ Facebook ပေါ့။ Publisher လို့ခေါ်တဲ့ account တစ်ခုဖွင့်ပြီး ပိုက်ဆံကို ဖြည့်လိုက်ရုံပဲ။ နားလည်ဖို့ လွယ်သလို၊ လုပ်ရတာအဆင်ပြေပါတယ်။
(၃) Adword ပရိုမိုရှင်း
အဲဒီနေ့က ဘယ်ကနေ စိတ်ကူးရပြီး၊ သွားကြည့်မိတယ်။ Adword ဆိုတာ Google အောက်က ကြော်ငြာတွေကို ကိုင်တွယ်တဲ့ လက်အောက်ခံ ဋ္ဌာန။ Google Search၊ YouTube အပါအ၀င် ကြော်ငြာလက်ခံတဲ့ Website တွေမှာ ကြော်ငြာပေးတယ်။ သူ့ ၀န်ဆောင်မှုကို ဒေါ်လာ $25 သုံးရင် $75 ဖရီးပေးတယ်ဆိုလို့ လောဘတပ်မိတာပေါ့။
(၄) အရှုပ်တော်ပုံ
လွယ်မလိုနဲ့ ရှုပ်တာဘဲ။ ပရိုမိုရှင်း ကူပွန် ထည့်လိုက်ရင် ပြီးနိုင်တဲ့ ကိစ္စက မလိုအပ်ဘဲ ပိုရှုပ်သွားတယ်။ သူ့ ပရိုမိုရှင်းက ခုမှ စပြီး အကောင့်ဖွင့်တဲ့ လူအတွက် သာတဲ့။ ဖြစ်ချင်တော့ ဖွင့်ထားတဲ့ အကောင့်က တစ်ခါမှ မသုံးဘူးပေမဲ့၊ ဖွင့်ထားတာ တစ်နှစ် ရှိသွားပြီ။ တစ်ခြား email အကောင့်နှင့် အသစ်ဖွင့်တော့ credit card နံပါတ် ထည့်အုံး၊ ဘာအုံး တော်တော် တိုင်ပတ်သွားတယ်။ Adword ရဲ့ Support ကို Feedback လုပ်တော့ ဖုန်းလှမ်းခေါ်တယ်။ ဒါပေမဲ့ သူက website ပေါ်မှာ ရေးထားတာအတိုင်း ပြောတက်တာက လွဲလို့၊ ဘာမှ မလုပ်ပေးနိုင်။ နောက်ဆုံး ရှိတဲ့ အကောင့်ကို အရင် ပိတ်လိုက်။ မပိတ်ခင် တခြား email အကောင့်ကို ပိုင်ရှင်အသစ်အနေနဲ့ လွဲပေးလိုက်။ ပြီးရင် ပြန်ပြီး အကောင့်အသစ်အနေနဲ့ ပြန်ဖွင့်လိုက်တော့ အားလုံး အဆင်ချောသွားဘာလေရောကွယ်။ အရင် Register လုပ်ဖူးတာလဲ Adword က မှတ်မထားဘူး။ အခုတော့ အဆင်ပြေသွားပြီ။ စမ်းကြည့်လိုက်အုံးမယ်။